အရည်အသွေးပြည့်ဝသည့် ပညာရေးဖြင့် ခိုင်မားအားကောင်းသော လူထုကိုတည်ဆောက်ခြင်း

မြန်မာနိုင်ငံဟာ ဘာသာစကားပေါင်း ၁၃၀ ကျော်တို့ရဲ့ ရှင်သန်ရာနေရာဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့က တန်းတူညီမျှမှု နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အရေးကြီးတဲ့ မြန်မာနိုင်ငံရှိ ဌာနေလူမျိုးစုတို့ရဲ့ ဘာသာစကားများရှင်သန်ဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း၊ ၎င်းးတို့ရဲ့ ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် ပညာရေးများကို ဖော်ဆောင်ခြင်းများ လုပ်ဆောင်လျှက်ရှိပါတယ်။

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့၏ မျှော်လင့်ချက်

ကျွန်ုပ်တို့သည် ကျောင်းတွင်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေး စနစ်များအားလုံးက ကလေးများကို ရှေ့တန်းတင်လုပ်ဆောင်ရန်၊ ကလေးများ၏ ရှိနှင့်ပြီးသော ဘဝအတွေ့အကြုံတို့ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဝိတေသလက္ခဏာများကို ခိုင်မာအောင်တည်ဆောက်ခြင်း၊ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိအောင် တည်ဆောက်ခြင်းစသည်တို့ဖြင့် ဌာနေလူမျိုးများ၏ ဘာသာစကားများနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်မျှော်လင့်သည်။

ကျွန်ုပ်တို့ မျှော်မှန်းထားသည့် ပန်းတိုင်မှာ ဌာနေလူထုများအနေဖြင့် ၎င်းတို့၏ လိုအပ်မှုပေါ် အခြေခံ၍ ကလေးများ၏ ပညာရေးကို မြှင့်တင်ခြင်းဖြင့် ၎င်းတို့၏ အနာဂတ်အိပ်မက်ကို အကောင်အထည်ဖော်ဆောင်ရန်ဖြစ်သည်။

ကျွန်ုပ်တို့ ဘာလုပ်သလဲ

ဆရာ/မ သင်တန်း

သေချာလေ့ကျင့်ထားသည့် ဆရာ/မတို့ဟာ မည်သည့် ပညာရေးစနစ်မှာ မဆို အဓိကကျပြီး လူမှုဝန်းကျင်အတွက် ထောက်တိုင်ဖြစ်သည်။ ဒေသခံလူထုက စိတ်ချယုံကြည်ထားပြီး ကလေးများ၏ ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သည့် ဆရာ/မများကို ပိုမိုများပြားလာအောင်နှင့် ရပ်ရွာလူထုပါဝင်လာအောင်တည်ဆောက်ပြီး ၎င်းတို့ကိုယ်တိုင် ယုံကြည်မှု အပြည့်ရှိလာအောင် သင်ကြားပေးသည်။ ဤသို့ မိမိကိုယ်ကို ယုံကြည်မှုအပြည့် ရှိသည့် ဆရာ/မများသည် လူမှုဝန်းကျင် ပြောင်းလဲရေးအတွက် အဓိက အက္ခရာဖြစ်စေမည်ဖြစ်သည်။

သင်ထောက်ကူပစ္စည်းများ ထုတ်လုပ်ခြင်း

ကလေးများနှင့်ကိုက်ညီသည့် သင်ထောက်ကူပစ္စည်းများ အလွန်ရှားပါးသည်ကို သတိထားမိသည်။ ထို့ကြောင့် ကျွန်ုပ်တို့က ဒေသခံ စာရေးဆရာများကို မွေးထုတ်ခြင်း၊ ပန်းချီဆရာများကိုမွေးထုတ်ပြီး ၎င်းတို့ဒေသ၊ လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် စာအုပ်စာပေများထုတ်လုပ်ခြင်းကို လုပ်ဆောင်ပါသည်။ ထိုစာအုပ်စာပေများကို ကျောင်းတွင်းပညာရေးမှာ သော်လည်းကောင်း၊ ကျောင်းပြင်ပ ပညာရေးမှာသော်လည်းကောင်း၊ ၎င်းတို့ အိမ်တွင်မှာသော်လည်းကောင်း၊ စာကြည့်တိုက်မှာသော်လည်းကောင်း စသည့် လူထုက အမြဲ အသုံးချနိုင်သည့် အနေအထားကို ဖန်တီးပေးပါသည်။

စည်းရုံးလှုံ့ဆော်ခြင်း နှင့် အသိပညာပေးခြင်း

မိခင်ဘာသာစကား အခြေပြုပညာရေးနှင့် ဗဟုယဉ်ကျေးမှု ပညာရေးသည် ကလေးများ၏ ရေရှည်အသိဖွံ့ဖြိုးမှုအတွက် ရပ်ရွာလူထု၊ နိုင်ငံအတွင်းရှိ အလွှာပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်မှုရှိစေရန် အသိပညာပေး စည်းရုံးလှုံ့ဆော်ခြင်းက ပဓနကျလှသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေဖြင့် ရပ်ရွာအဆင့်ပူပေါင်းဆောင်ရွက်မှု အပြင် နိုင်ငံအတွင်းရှိ လူမှုအသိုက်အဝန်း အလွှာပေါင်းစုံကို ဌာနေလူမျိုးစုများ၏ အခွင့်အရေးတစ်ရပ်အဖြင့် စည်းရုံးဆောင်ရွက်လျှက်ရှိပါသည်။

ကျွန်ုပ်တို့ကို ဘယ်လိုဝိုင်းဝန်းကူညီနိုင်မလဲ

Send a Donation

Coming soon!

Keep in Touch

အမြဲထိတွေ့၍ လက်တွဲဆောင်ရွက်နိုင်ရန် အောက်ပါ App များဖြင့် လည်းကောင်း၊ Email ဖြင့်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ သတင်းစာစောင်များကိုလည်း မှာယူဖတ်ရှုနိုင်ပါသည်။

Spread the Word

မိတ်ဆွေတို့၏ သူငယ်ချင်း မိတ်ဆွေများ၊ မိသားစုများကို ဤလုပ်ငန်းအကြောင်း ပြောပြခြင်၊ မြန်မာနိုင်ငံရှိ ဌာနေလူမျိုးစုများ၏ အကြောင်းကို ပြောပြခြင်းဖြင့် လက်တွက်ကူညီဆောင်ရွက်နိုင်ပါသည်။

Subscribe to our Newsletter:

Enter your email to keep in touch. We send out occasional emails about the indigenous communities of Myanmar and our work with them.

Processing…
Success! You're on the list.